145. အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင်တော်မူပါ။ အထုံးအဖွဲ့တော်တို့ကို စောင့်ပါမည်။
146. ကိုယ်တော်ကို အော်ဟစ်ပါ၏။ ကယ်တင်တော် မူပါ။ သက်သေခံတော်မူချက်တို့ကို စောင့်ပါမည်။
147. မိုဃ်းမလင်းမှီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မြော်လင့်လျက်နေပါ၏။
148. ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ၏။
149. အို ထာဝရဘုရား၊ ကရုဏာတော်ရှိသည် အတိုင်း အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ်ကို အသက်ရှင်စေတော် မူပါ။
150. မကောင်းသောအကြံအစည်၌ ကျင်လည်သော သူတို့သည် အနီးသို့ချဉ်းကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရားနှင့် ဝေးကြပါ၏။