ဆာ​လံ 119:106-113 Judson Bible (BJB)

106. ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါ မည်ဟု အကျွန်ုပ်ကျိန်ဆိုသည် အတိုင်းပြုပါမည်။

107. အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။

108. အိုထာဝရဘုရား၊ အကျွန်ုပ်သည် စေတနာ စိတ်ရှိ၍၊ ကိုယ်နှုတ်နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ၏။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။

109. အကျွန်ုပ်အသက်သည် ကိုယ်လက်၌ အစဉ်ရှိ ပါ၏။ သို့သော်လည်း၊ တရားတော်ကို မမေ့မလျော့ပါ။

110. မတရားသော သူတို့သည် အကျွန်ုပ်ဘို့ ကျော့ ကွင်းကို ထောင်ထားကြပါ၏။ သို့သော်လည်း၊ ကိုယ်တော် ၏ ဥပဒေသများမှ လွှဲ၍ မသွားပါ။

111. သက်သေခံတော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်းရာ ဖြစ်၍၊ ကိုယ်အမွေဥစ္စာဘို့ အစဉ်အမြဲ ခံယူ ပါ၏။

112. အထုံးအဖွဲ့တော်တို့ကို အဆုံးတိုင်အောင် အစဉ် လိုက်ခြင်းအလိုငှါ၊ ကိုယ်စိတ်နှလုံးကို တိုက်တွန်းပါ၏။

113. အကျွန်ုပ်သည် အဓမ္မလူတို့ကို မုန်း၍၊ ကိုယ်တော်၏တရားကို နှစ်သက်ပါ၏။

ဆာ​လံ 119