15. ဖြောင့်မတ်သော သူတို့၏ နေရာ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော်သည် ကြီးသောအမှုကိုပြု၏။
16. ထာဝရဘုရား၏ လက်ျာလက်တော်သည် ချီးမြှင့်လျက်ရှိ၏။ ထာဝရဘုရား၏ လက်ျာလက်တော် သည် ကြီးသောအမှုကိုပြု၏။
17. ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား ၏ အမှုတော်တို့ကို ကြားပြောရဦးမည်။
18. ထာဝရဘုရားသည် ငါ့ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း၊ သေခြင်း၌ အပ်တော်မမူသေး။
19. ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အားဖွင့်ကြ။ ငါဝင်၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရမည်။
20. ဤတံခါးသည် ထာဝရဘုရား၏ တံခါးဖြစ်၏။ ဖြောင့်မတ်သော သူတို့သည် ဝင်ရကြ၏။