ဆာ​လံ 109:13-18 Judson Bible (BJB)

13. သူ၏အနွယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင်၊ သူတို့၏ နာမည်သည် ကျေပျောက် ပါစေ။

14. သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မဖြေပါစေနှင့်။

15. ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်းတော်မူ ပါစေ။

16. အကြောင်းမူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။

17. သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။

18. အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။

ဆာ​လံ 109