ဆာ​လံ 108:1-6 Judson Bible (BJB)

1. အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။

2. တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။

3. အို ထာဝရဘုရား၊ ပရိတ်သတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော် အား ထောမနာသီချင်းဆိုပါမည်။

4. အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။

5. 8 အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။

6. ချစ်တော်မူသော သူတို့သည် ချမ်းသာရမည် အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။

ဆာ​လံ 108