4. သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
5. သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
6. ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
7. ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။
8. ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။