ဆာ​လံ 102:5-23 Judson Bible (BJB)

5. ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။

6. အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇိကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။

7. အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။

8. အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ်ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။

9. စိတ်တော်မပြေ၊

10. အမျက်ထွက်တော်မူသောကြောင့်၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါလည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။

11. အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။

12. အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။

13. ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။

14. ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။

15. တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို၎င်း ကြောက်ရွံကြပါလိမ့်မည်။

16. ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။

17. ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။

18. ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။

23. လမ်းခရီး၌ ငါ၏အစွမ်းကို လျော့စေခြင်းငှါ၎င်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း ပြုတော်မူသော အခါ၊

ဆာ​လံ 102