ဆာ​လံ 10:7-13 Judson Bible (BJB)

7. သူ၏နှုတ်သည်ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ ရှုတ်ချခြင်းနှင့် ပြည့်ဝပါ၏။ လျှာအောက်မှာ မကောင်း သောအကြံနှင့် မတရားသော အမှုရှိပါ၏။

8. ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင်၍၊ အပြစ်မရှိသော သူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ် ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။

9. ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍နေတတ်ပါ၏။ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ၍ဘမ်းဆီးတတ်ပါ၏။

10. ထိုသို့ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ ဆင်းရဲ သော သူအပေါင်းတို့ သည်သူ၏လက်သို့ ကျရောက်တတ် ကြပါ၏။

11. ထိုသူက၊ ဘုရားသခင်သည် မေ့လျော့တော်မူ ၏။ မျက်နှာကို လွှဲတော်မူ၏။ မြင်တော်မမူဟု အောက်မေ့ တတ်ပါ၏။

12. အိုထာဝရဘုရား ထတော်မူပါ။ အိုဘုရားသခင် လက်တော်ကို ချီတော်မူပါ။ နှိမ့်ချလျက်ရှိသောသူတို့ကို မေ့လျော့တော်မမူပါနှင့်။

13. မတရားသောသူသည် ဘုရားသခင်ကို အဘယ် ကြောင့် မထီမဲ့မြင်ပြုရပါအံ့နည်း။ ကိုယ်တော်သည် စစ်တော်မမူဟု အဘယ်ကြောင့် အောက်မေ့ရပါအံ့နည်း။

ဆာ​လံ 10