ဆာ​လံ 10:15-18 Judson Bible (BJB)

15. မတရားသဖြင့် ပြု၍ဆိုးသော သူ၏လက်ရုံးကို ချိုးတော်မူပါ။ သူပြုသော အဓမ္မအမှုကို အကုန်အစင် စစ်တော်မူပါ။

16. ထာဝရဘုရားသည် ကာလ အစဉ်အမြဲတည် သော ရှင်ဘုရင်ဖြစ်တော်မူ၍၊ တပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်။

17. အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့၏တောင့်တခြင်း အသံကိုကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။

18. ဆင်းရဲသားကို သူ၏မြေမှ တဖန်မနှင်ထုတ်မည် အကြောင်း၊ မိဘမရှိသော သူနှင့်ညှဉ်းဆဲခံရသော သူတို့ကို တရားပေးခြင်းငှါ နားတော်ကို ဖွင့်တော်မူ၏။

ဆာ​လံ 10