ဂ​လာ​တိ 4:19-25 Judson Bible (BJB)

19. ခရစ်တော်သည်သင်တို့အထဲ၌ တည်လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာကို ငါခံရသော ငါ့ချစ်သားတို့၊

20. သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့်၊ ယခု သင်တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါ အလိုရှိ၏။

21. ပညတ်တရားအောက်၍နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကိုနားမလည်ကြသလော။

22. ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ကျွန်မ၏ သားဖြစ်၏။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။

23. ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဘွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သား သည် ဂတိတော်အားဖြင့် ဘွားသောသားဖြစ်၏။

24. ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကိုဘွားတတ်သောတရားဖြစ်၏။

25. အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။

ဂ​လာ​တိ 4