7. သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန် ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည်။
8. သူသည် သင်တို့၏အကြောင်းအရာများကို သိ၍၊ သင်တို့စိတ်နှလုံးကို သက်သာစေခြင်းငှါ၊ ထိုသူ ကို၎င်း၊ သင်တို့အထဲကဖြစ်၍ သစ္စာရှိသော ငါချစ်သောညီ ဩနေသိမ်ကို၎င်း၊ သင်တို့ဆီသို့ ငါစေလွှတ်၏။
9. သူတို့သည် ဤမြို့၌ဖြစ်သမျှသော အကြောင်းအရာကို သင်တို့အား ဘော်ပြကြလိမ့်မည်။
10. ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏ တူမာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက်သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။
11. အရေဖျားလှီးခြင်းကိုခံသော သူတို့တွင် ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဘို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။