16. ဤစာကို သင်တို့သည် ဘတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဘတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဘတ်ကြလော့။
17. အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါဟု ပြောကြလော့။
18. ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင်။ကောလောသဲဩဝါဒစာပြီး၏။