25. ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟု ဆို၏။
26. တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။
27. ဘုရားသခင်သည် ယာဖက်ကိုကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲတို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
28. နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ်သုံးရာငါးဆယ် အသက်ရှင်၍၊
29. အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စရောက်လေ၏။