13. ငါ၏သက်တံ့ကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံ့သည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
14. ငါသည် မိုဃ်းကိုအုံ့စေသောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။
15. ထိုအခါငါတဘက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တဘက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကို ငါအောက်မေ့သဖြင့် ခပ်သိမ်းသော သတ္တဝါတို့ကို ဖျက်ဆီးခြင်းငှါ နောက်တဖန် ရေလွှမ်းမိုးခြင်းမရှိရ။
16. မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။
17. ဤသည်ကား ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင်မိန့်တော်မူ၏။
18. သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။
19. ဤသူတို့သည် နောဧ၏သားသုံးယောက်ဖြစ်၍ မြေကြီးတပြင်လုံး၌ နှံ့ပြားကြ၏။
20. နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။
21. စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။
22. ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်းရှိသည်ကိုမြင်လျှင် ပြင်မှာရှိသော အစ်ကိုနှစ်ယောက်ကို ပြောလေ၏။
23. ရှေမနှင့် ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာတင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည်အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ်အချည်း စည်းရှိသည်ကို မမြင်ရ။
24. နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊
25. ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟု ဆို၏။
26. တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။
27. ဘုရားသခင်သည် ယာဖက်ကိုကျယ်စေတော်မူသဖြင့်၊ ရှေမ၏ တဲတို့တွင်နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
28. နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ်သုံးရာငါးဆယ် အသက်ရှင်၍၊