ကမ္ဘာ​ဦး 5:20-25 Judson Bible (BJB)

20. ယာရက်သည် အသက်နှစ်ပေါင်းကိုးရာခြောက်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။

21. ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ်ရှိသော် သားမသုရှလကို မြင်လေ၏။

22. မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။

23. ဧနောက်အသက်နှစ်ပေါင်းသုံးရာခြောက်ဆယ်ငါးနှစ်တည်း၊

24. ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။

25. မသုရှလသည် အသက်တရာ့ရှစ်ဆယ်ခုနစ်နှစ်ရှိသော်၊ သား လာမက်ကို မြင်လေ၏။

ကမ္ဘာ​ဦး 5