20. အာရှာ၌ဖြစ်သောအစာသည် အရသာနှင့်ပြည့်စုံ၍၊ မင်း၏ခဲဘွယ်စားဘွယ်တို့ကို ထုတ်ပေးလိမ့်မည်။
21. နဿလိသည်လှသောအခက်အလက်နှင့်ပြည့်စုံ၍၊ ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏။
22. ယောသပ်သည်သန်သောပျိုးပင်၊ ရေတွင်းနားမှာ သန်သောပျိုးပင်ဖြစ်၏။ အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာကျော်သွားကြ၏။
23. လေးသမားတို့သည် သူ့ကိုအငြိုးထား၍၊ အလွန်ညှဉ်းဆဲပစ်ခတ်ကြ၏။
24. သို့သော်လည်း သူ၏လေးသည်အားမလျော့။ သူကိုင်သော လက်နက်တို့သည်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရား၏လက်ဖြင့်၎င်း၊ သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ကျောက်ဖြင့်၎င်း၊