6. နောက်မှသင်ရသောသားတို့သည် သင်၏သားဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်။
7. ငါသည်ပါဒနာရံအရပ်မှလာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။
8. တဖန်ဣသရေလသည် ယောသပ်၏သားတို့ကိုကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊
9. ယောသပ်က၊ ဤပြည်၌ အကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူသော အကျွန်ုပ်၏သားဖြစ်ပါသည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့လာပါစေလော့။ သူတို့ကိုငါကောင်းကြီးပေးမည်ဟုဆို၏။