4. ငါသည်သင့်ကိုတိုးပွါးများပြားစေမည်။ သင့်ကိုများစွာသောလူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါငါပေး မည်ဟု မိန့်တော်မူ၏။
5. သင်နေသော အဲဂုတ္တုပြည်သို့ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့် ရှိမောင်ကဲ့သို့ ငါ့သားဖြစ်ရမည်။
6. နောက်မှသင်ရသောသားတို့သည် သင်၏သားဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်။
7. ငါသည်ပါဒနာရံအရပ်မှလာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။
8. တဖန်ဣသရေလသည် ယောသပ်၏သားတို့ကိုကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊
9. ယောသပ်က၊ ဤပြည်၌ အကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူသော အကျွန်ုပ်၏သားဖြစ်ပါသည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့လာပါစေလော့။ သူတို့ကိုငါကောင်းကြီးပေးမည်ဟုဆို၏။
10. ဣသရေလသည် အသက်ကြီး၍မျက်စိမှုန်သဖြင့်၊ မမြင်နိုင်သောကြောင့်၊ သားတို့ကိုအနီးသို့ချဉ်းကပ်စေ၍ ပိုက်ဘက်နမ်းရှုပ်လေ၏။
11. ဣသရေလကလည်း၊ ငါသည်သင်၏မျက်နှာကို မြင်ရမည်ဟုငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အားဆို၏။
12. ယောသပ်သည်လည်း၊ သားတို့ကိုအဘ၏ဒူးကြားမှထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
13. တဖန်ယောသပ်သည်သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ျာလက်နှင့်ကိုင်လျက်၊ ဣသရေလလက်ဝဲလက်သို့၎င်း၊ မနာရှေကို လက်ဝဲလက်နှင့်ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်းချဉ်းကပ်စေ၏။
14. မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသရေလသည် မိမိလက်တို့ကို ဆန့်၍လိမ္မာစွာပဲ့ပြင်လျက်၊ အသက်ငယ်သောသူဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာ လက်ကိုတင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ခေါင်းပေါ်မှာတင်၏။
15. ယောသပ်ကိုကောင်းကြီးပေးလျက်၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုတသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသောဘုရားသခင်တည်းဟူသော၊