20. တဖန်ဘုရားသခင်သည် သင့်ကိုဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်ဟု ထိုနေ့၌ သူတို့ကိုကောင်းကြီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကို နေရာချသတည်း။
21. ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာပြည်သို့ တဖန်ဆောင်တော်မူလိမ့်မည်။
22. ထိုမှတပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ထား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာကို သင့်အားငါပေးသည်ဟု ယောသပ်ကိုပြောဆို၏။