ကမ္ဘာ​ဦး 48:1-5 Judson Bible (BJB)

1. နောက်တဖန်ယောသပ်သည် အဘနာကြောင်းကိုကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့် ဧဖရိမ်ကိုယူ၍သွား၏။

2. သားယောသပ်လာကြောင်းကို ယာကုပ်သည်ကြားလျှင်၊ အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏။

3. ထိုအခါယာကုပ်က၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည်၊ ခါနာန်ပြည်လုဇမြို့၌ ငါ့အားထင်ရှား၍ကောင်းကြီးပေးတော်မူလျက်၊

4. ငါသည်သင့်ကိုတိုးပွါးများပြားစေမည်။ သင့်ကိုများစွာသောလူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါငါပေး မည်ဟု မိန့်တော်မူ၏။

5. သင်နေသော အဲဂုတ္တုပြည်သို့ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့် ရှိမောင်ကဲ့သို့ ငါ့သားဖြစ်ရမည်။

ကမ္ဘာ​ဦး 48