6. ခါနာန်ပြည်၌ရသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်းယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
7. ယာကုပ်သည်ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည်သို့ ဆောင်သွားလေ၏။
8. အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
9. ရုဗင်သား။ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ။
10. ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သားရှောလ။
11. လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
12. ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖာရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့် ဩနန်သည် ခါနာန်ပြည်၌သေသတည်း။ ဖာရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
13. ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
14. ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
15. ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့်တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
16. ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။