32. ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကိုမွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟုလျှောက်မည်။
33. နောက်တခါ သင်တို့ကိုဖာရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊
34. ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကိုမွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာနေသောအခွင့်ကို ရကြလိမ့်မည်။ သိုးထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ဟု အစ်ကိုများ၊ အဘ၏အိမ်သားများတို့ကို ပြောဆို၏။