ကမ္ဘာ​ဦး 46:23-29 Judson Bible (BJB)

23. ဒန်သား။ ဟုရှိမ်။

24. နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။

25. ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအားလက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသောသားတည်း။ ပေါင်းခုနစ်။

26. ယာကုပ်ချွေးမများကိုမဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်းကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။

27. အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သောသားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သောယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။

28. ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကိုအရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။

29. ယောသပ်သည်ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။

ကမ္ဘာ​ဦး 46