12. ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့်နှုတ်ဆက်သည်ကို၊ သင်တို့မျက်စိ၊ ကျွန်ုပ်ညီဗင်္ယာမိန်မျက်စိ အမြင်သားဖြစ်၏။
13. အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်းမှစ၍ သင်မြင်သမျှတို့ကို အဘအားပြောရမည်။ အလျင်အမြန်ပြု၍ အဘကို ဤပြည်သို့ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင်၊
14. ညီဗင်္ယာမိန်လည်ပင်းကိုဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ငိုလေ၏။
15. တဖန် အစ်ကိုရှိသမျှတို့ကိုနမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။
16. ယောသပ်အစ်ကိုတို့သည်ရောက်လာကြပြီဟု နန်းတော်၌သိတင်းကြား၍၊ ဖာရောဘုရင်အစရှိသော ကျွန်တော်မျိုးတို့သည်နှစ်သက်ကြ၏။
17. ဖာရောဘုရင်သည်လည်းယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ပြန်သွားသဖြင့်၊
18. သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်ကိုငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာစားရကြလိမ့်မည်။
19. အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဘို့၊ အဲဂုတ္တုပြည်ထဲကလှည်းတို့ကိုယူပြီးလျှင် အဘကိုဆောင်၍လာခဲ့ကြလော့။
20. သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည်၏စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏ဟု အမိန့်တော်ရှိသည်အတိုင်း၊
21. ဣသရေလ၏သားတို့သည်ပြု၍၊ ယောသပ်သည်လှည်းတို့ကို၎င်း၊ လမ်းခရီး၌ စားစရိတ်များကို၎င်းပေး၏။
22. အစ်ကိုရှိသမျှတို့အားလည်းအဝတ်လဲစရာဘို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ်လဲစရာဘို့ အဝတ်ငါးစုံကို ထပ်၍ပေး၏။
23. အဘအားလည်း အဲဂုတ္တုပြည်၏ကောင်းသောအရာတို့ကိုဆောင်သော မြည်းတဆယ်၊ လမ်းခရီး၌အဘစားစရာဘို့ စပါး၊ မုန့်၊ ခဲဘွယ်စားဘွယ်များကို ဆောင်သောမြည်းတဆယ်ကိုပေးလိုက်၏။
24. သင်တို့သည် လမ်း၌ရန်မတွေ့ကြနှင့်ဟုမှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက်၍ သူတို့သည်သွားကြ၏။
25. ထိုသို့အဲဂုတ္တုပြည်မှထွက်သွား၍၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင်၊
26. ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တုပြည်လုံးကိုအုပ်စိုးရ၏ဟု ကြားပြောကြသည်ရှိသော်၊ ယာကုပ်သည်စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံ နိုင်။
27. သူတို့သည်လည်း ယောသပ်ပြောသမျှသောစကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိစီးစရာဘို့ ယောသပ်ပေးလိုက်သောလှည်းတို့ကို မြင် သောအခါ စိတ်နှလုံးအားဖြည့်ပြန်၏။