1. ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည်ဖြစ်၍၊
2. အဲဂုတ္တုပြည်မှဆောင်ခဲ့သောစပါးကို စားကုန်ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။
3. ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကိုကျပ်ကျပ်ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီ။
4. ကျွန်ုပ်တို့ညီကိုထည့်လျှင်သွား၍ အဘစားဘို့ရာ ဝယ်ပါမည်။
5. ညီကိုမထည့်လျှင် မသွားပါ၊ အကြောင်းမူကား၊ ထိုသူကသင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။
6. ဣသရေလကလည်း၊ သင်တို့၌ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်းဟုဆိုသော်၊
7. သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘအသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသောအခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကိုဆောင်ခဲ့ကြဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။
8. ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူလွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ထ၍ သွားကြပါမည်။
9. ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကို တောင်းပါ။ သူ့ကိုပြန်၍မဆောင် အဘရှေ့မှာမထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။
10. ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယအကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။