ကမ္ဘာ​ဦး 41:36-44 Judson Bible (BJB)

36. သို့ဖြစ်၍ အဲဂုတ္တုပြည်၌အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ရောက်သောအခါ၊ ပြည်သူပြည်သားစားစရာဘို့ သိုထားလျက်ရှိနှင့်၍ အစာခေါင်းပါးသောကာလတွင် ပြည်တော်မပျက်ရဟု ဖာရောမင်းအားလျှောက်လေ၏။

37. ထိုသို့ယောသပ်လျှောက်သောစကားကို ဖာရောမင်းအစရှိသော ကျွန်တော်မျိုးအပေါင်းတို့သည် နှစ်သက်ကြ၍၊

38. ဖာရောမင်းက၊ ဘုရားသခင်၏ဝိညာဉ်တော်ကိုရ၍ ဤကဲ့သို့သောသူကို အဘယ်မှာ ရှာ၍တွေ့မည်နည်းဟု ကျွန်တော်မျိုးတို့အား မိန့်တော်မူ၏။

39. ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အား ပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ။

40. သင်သည်နန်းတော်အုပ်ဖြစ်ရမည်။ သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်။ ရာဇပလ္လင်အားဖြင့်သာ ငါသည် သင့်ထက်ကြီးမြတ်မည်ဟု မိန့်တော်မူ၏။

41. တဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အားမိန့်တော်မူလျက်၊

42. လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်းဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊

43. ဒုတိယရထားတော်ကိုစီးစေတော်မူ၏။ ပြပ်ဝပ်၍နေကြဟု သူ့ရှေ့မှာ ဟစ်ကြ၏။ ထိုသို့လျှင် အဲဂုတ္တုပြည်တပြည်လုံးကို အုပ်စိုးစေတော်မူ၏။

44. ဖာရောမင်းကလည်း၊ ငါသည်ဖာရောဘုရင်မှန်၏။ သို့ဖြစ်၍ သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည်တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရဟု မိန့်တော်မူ၏။

ကမ္ဘာ​ဦး 41