ကမ္ဘာ​ဦး 41:24-33 Judson Bible (BJB)

24. အလုံးသေးသောစပါးနှံတို့သည် ကောင်းသောစပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ်တို့အားငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အားပြောဆိုတော်မူ၏။

25. ယောသပ်ကလည်း၊ ဖာရောဘုရင်မြင်မက်တော်မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏။ ဘုရားသခင်ပြုလတံ့သောအမှုကို ဖာရောဘုရင်အား ပြတော်မူပြီ။

26. ကောင်းသောနွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ ကောင်းသောစပါးခုနစ်နှံတို့သည်လည်း ခုနစ်နှစ်ဖြစ်ပါ၏။ အိပ်မက်တော်ကား တပါးတည်းဖြစ်ပါ၏။

27. ထိုနွားတို့နောက်ထွက်လာသောနွား၊ ပိန်၍အရုပ်ဆိုးသော နွားခုနစ်ကောင်တို့သည် ခုနစ်နှစ်ဖြစ်ပါ၏။ အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံတို့သည်လည်း၊ အစာခေါင်းပါးသော ခုနစ်နှစ်ဖြစ်ပါ၏။

28. ဖာရောဘုရင်အား ကျွန်တော်လျှောက်လိုသောအရာဟူမူကား၊ ဘုရားသခင်ပြုလတံ့သောအမှုကို ဖာရောဘုရင်အားပြတော်မူ၏။

29. အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ်ခုနစ်နှစ်ရှိလိမ့်မည်။

30. ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသောဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံးပျက်စီးလိမ့်မည်။

31. အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ။

32. ဖာရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည်အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန်စီရင်တော်မူလိမ့်မည်။

33. သို့ဖြစ်၍ ဖာရောဘုရင်သည် ဥာဏ်ပညာနှင့်ပြည့်စုံသောသူကို ရွေးချယ်၍ အဲဂုတ္တုပြည်ကို အုပ်စိုးစေတော်မူပါ။

ကမ္ဘာ​ဦး 41