ကမ္ဘာ​ဦး 41:21-24 Judson Bible (BJB)

21. စားပြီးသောနောက်၊ စားမှန်းကို အဘယ်သူမျှမသိရ။ အရင်ကဲ့သို့ အရုပ်ဆိုးသေး၏။ ငါလည်းနိုး၏။

22. တဖန်ငါမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ဖြစ်ကြ၏။

23. ထိုနောက်မှ ညှိုးနွမ်းလျက်အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။

24. အလုံးသေးသောစပါးနှံတို့သည် ကောင်းသောစပါးခုနစ်နှံတို့ကို စားကြ၏။ ထိုအိမ်မက်ကို ဗေဒင်တတ်တို့အားငါကြားပြော၍ အနက်ကို အဘယ်သူမျှ မဘတ်နိုင်ဟု ယောသပ်အားပြောဆိုတော်မူ၏။

ကမ္ဘာ​ဦး 41