2. အဆင်းလှ၍ဝသောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ မြစ်နားမှာပေါက်သောမြက်ပင်ကို စားလျက်နေကြ၏။
3. ထိုနွားတို့နောက်မှ အဆင်းမလှ၊ ပိန်သောနွားခုနစ်ကောင်တို့သည် မြစ်ထဲကထွက်၍ အရင်နွားတို့အနား၌ ကမ်းပေါ်မှာရပ်နေကြ၏။
4. အဆင်းမလှပိန်သောနွားတို့သည်၊ အဆင်းလှ၍ ဝသောနွားခုနစ်ကောင်တို့ကို ကိုက်စားကြ၏။ ဖာရောမင်းလည်းနိုးလေ၏။
5. တဖန်အိပ်ပြန်၍ အိပ်မက်ကိုမြင်မက်ပြန်သည်ကား၊ အလုံးကြီး၍ကောင်းသော စပါးခုနစ်နှံတို့သည် စပါးတပင်တည်း၌ဖြစ်ကြ၏။
6. ထိုနောက်မှ အလုံးသေး၍ အရှေ့လေဖြင့်ပျက်သော စပါးခုနစ်နှံတို့သည် ပေါက်ကြ၏။
7. အလုံးသေးသောစပါးခုနစ်နှံတို့သည် အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့ကိုစားကြ၏။ ဖာရောမင်းလည်းနိုး၍ အိပ်မက်ဖြစ်သည်ကို သိလေ၏။