15. အကယ်စင်စစ် ကျွန်ုပ်ကို ဟေဗြဲပြည်မှခိုးယူခဲ့ကြ၏။ ဤပြည်မှာလည်း ကျွန်ုပ်၌အပြစ်မရှိဘဲ ထောင်ထဲမှာလှောင်ထားကြသည်ဟုဆို၏။
16. ထိုအိပ်မက်အနက်ကောင်းသည်ကို စားတော်ဝန်သိမြင်လျှင်၊ ငါသည်လည်း ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်ကို မြင်မက်၏။
17. အပေါ်တောင်းတွင် ဖာရောမင်းစားတော်ခေါ်ဘို့ချက်ပြီးသော ခဲဘွယ်စားဘွယ် အမျိုးမျိုးရှိ၍၊ ငှက်တို့သည်လည်း ငါရွက်သောတောင်းထဲကနှုတ်၍စားကြသည်ဟု ယောသပ်အားပြောဆို၏။
18. ယောသပ်ကလည်း၊ သင်၏အိပ်မက်အနက်ဟူမူကား၊ တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏။
19. သုံးရက်လွန်မှဖာရောမင်းသည် သင်၏ဦးခေါင်းကို ကိုယ်နှင့်ခွါမြှောက်လျက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကိုနှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။