ကမ္ဘာ​ဦး 40:1-11 Judson Bible (BJB)

1. ထိုနောက်မှ အဲဂုတ္တုရှင်ဘုရင်ထံ ဖလားတော်ဝန်နှင့် စားတော်ဝန်တို့သည် မိမိတို့အရှင်အဲဂုတ္တုရှင်ဘုရင်ကို ပြစ်မှားကြ၏။

2. ဖာရောဘုရင်သည် ထိုအမတ်နှစ်ယောက်တည်းဟူသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကိုအမျက်ထွက်၍၊

3. ယောသပ်အချုပ်ခံရာထောင်တည်းဟူသော ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏။

4. ကိုယ်ရံတော်မှူးသည် သူတို့ကိုယောသပ်၌အပ်၍၊ ယောသပ်သည် ပြုစုရ၏။ သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက်နေရကြ၏။

5. ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန်နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သောအနက်နှင့်ပြည့်စုံသော အိပ်မက်ကိုတညဉ့်ခြင်းတွင် တယောက်တနည်းစီမြင်မက်ကြ၏။

6. နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ထံသို့ဝင်၍ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက်ရှိသည်ကိုမြင်လျှင်၊

7. သင်တို့သည် ယနေ့အဘယ်ကြောင့်မျက်နှာညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံနေရသော ဖာရောမင်း၏အမတ်တို့အားမေး၏။

8. သူတို့ကလည်း၊ ငါတို့သည်အိပ်မက်ကိုမြင်ရပြီ။ အနက်ကိုဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ်က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။

9. ထိုအခါဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သောအိပ်မက်တွင်၊ ငါ့ရှေ့မှာစပျစ်နွယ်ပင်ရှိ၏။

10. ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်းပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီးဖြစ်လေ၏။

11. ဖာရောမင်း၏ဖလားတော်ကိုငါကိုင်လျက်၊ ထိုစပျစ်သီးကိုယူ၍ ဖလားတော်၌ညှစ်ပြီးမှ လက်တော်တွင်ဆက်သည်ဟုပြောဆို၏။

ကမ္ဘာ​ဦး 40