23. ယုဒကလည်း၊ ကျွန်ုပ်တို့သည်အရှက်မကွဲမည်အကြောင်း၊ ယူပါလေေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
24. ထိုနောက်သုံးလခန့်လွန်သည်ရှိသော်၊ သူတပါးက၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသောမေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟုယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍မီးရှို့စေဟု စီရင်လေ၏။
25. ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ပို့စေ၍၊ ဤဥစ္စာကိုပိုင်သောသူအားဖြင့် ကျွန်မသည်ပဋိသန္ဓေယူပြီ။ ဤဥစ္စာတို့သည်အဘယ်သူ၏ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟုမှာလိုက်၏။