20. ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကိုရွေးယူခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကိုပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊
21. ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည်တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သားတို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊
22. ယုဒထံသို့ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကိုရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြောင်းကို ပြောလေ၏။
23. ယုဒကလည်း၊ ကျွန်ုပ်တို့သည်အရှက်မကွဲမည်အကြောင်း၊ ယူပါလေေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကိုကျွန်ုပ်ပေးလိုက်၍ သင်သည်မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။
24. ထိုနောက်သုံးလခန့်လွန်သည်ရှိသော်၊ သူတပါးက၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသောမေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟုယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကိုထုတ်၍မီးရှို့စေဟု စီရင်လေ၏။