1. ထိုကာလအခါ ယုဒသည် ညီအစ်ကိုနေရာမှသွား၍၊ ဟိရအမည်ရှိသော၊ အဒုလံအမျိုးသားထံသို့ဝင်လေ၏။
2. ထိုအရပ်၌ ရှုအာအမည်ရှိသော၊ ခါနာန်အမျိုးသား၏သမီးကို တွေ့မြင်၍၊ အိမ်ထောင်ဘက်ပြုလျက်၊
3. ထိုမိန်းမသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်၏။ ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏။
4. တဖန်ပဋိသန္ဓေယူပြန်၍ ဘွားမြင်သောသားကို ဩနန်အမည်ဖြင့်မှည့်လေ၏။