ကမ္ဘာ​ဦး 36:7-12 Judson Bible (BJB)

7. အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာများလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။

8. သို့ဖြစ်၍ ဧဒုံအမည်ရှိသောဧသောသည် စိရတောင်ပေါ်မှာနေလေ၏။

9. စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏အဘ ဧသော၏သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။

10. ဧသော၏သားတို့အမည်ကား၊ မယားအာဒဘွားသောသားဧလိဖတ်၊ မယားဗာရှမတ်ဘွားသောသားရွေလတည်း။

11. ဧလိဖတ်သားကား၊ တေမန်၊ ဩမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်တည်း။

12. ဧသောသားဧလိဖတ်၏မယားငယ်၊ တိမနဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယားအာဒ၏အနွယ်ဖြစ်သတည်း။

ကမ္ဘာ​ဦး 36