34. ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိအရပ်သားဟုရှံသည် မင်းပြုလေ၏။
35. ဟုရှံမင်းသေ၍၊ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။
36. ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက်အရပ်သား စာမလသည် မင်းပြုလေ၏။
37. စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။
38. ရှောလမင်းသေ၍သူ၏အရာ၌၊ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။
39. အာခဗော်သားဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည်မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီးမဟေတဗေလတည်း။