ကမ္ဘာ​ဦး 36:31-35 Judson Bible (BJB)

31. ဣသရေလအမျိုး၌ အစိုးရသောမင်းကြီးမရှိမှီ၊ ဧဒုံပြည်၌အစိုးရသောမင်းကြီးဟူမူကား၊

32. ဗောရသားဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။

33. ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ်သား၊ ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။

34. ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိအရပ်သားဟုရှံသည် မင်းပြုလေ၏။

35. ဟုရှံမင်းသေ၍၊ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။

ကမ္ဘာ​ဦး 36