1. ဧဒုံအမည်ရှိသော ဧသောအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊
2. ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏သမီးအဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီးနှစ်ယောက်နှင့်၎င်း၊
3. ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။
4. ဧသောမယား အာဒဘွားသောသားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။