ကမ္ဘာ​ဦး 34:12-15 Judson Bible (BJB)

12. ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ်စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင်ပေးပါမည်။ ဤမိန်းမကိုသာ ငါ့အားထိမ်းမြားပေးစားကြပါဟု၊ မိန်းမ၏အဘနှင့် မောင်တို့အားဆိုလေ၏။

13. ယာကုပ်၏သားတို့သည်၊ နှမဒိနကို ရှေခင်မင်းသားရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသားနှင့် အဘဟာမော်ကို ပရိယာယ်ဖြင့်ပြန်ပြောသည်မှာ၊

14. ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကိုမခံသောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ်သောအကြောင်းဖြစ်ပါ၏။

15. သင်တို့သည် ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံလျှင်၊ ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။

ကမ္ဘာ​ဦး 34