ကမ္ဘာ​ဦး 33:17-19 Judson Bible (BJB)

17. ယာကုပ်လည်း၊ သုကုတ်အရပ်သို့ခရီးသွား၍၊ ကိုယ်နေဘို့အိမ်ကို၎င်း၊ တိရစ္ဆာန်များနေဘို့ တင်းကုပ်တို့ကို၎င်း၊ ဆောက်လေ၏။ ထို့ကြောင့် ထိုအရပ်ကို၊ သုကုတ်ဟူ၍ တွင်လေသတည်း။

18. ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။

19. တဲဆောက်ရာမြေအကွက်ကို ရှေခင်၏အဘ၊ ဟာမော်၏သားတို့တွင်၊ ငွေတပိဿာအဘိုးပေး၍ ဝယ်ရသတည်း။

ကမ္ဘာ​ဦး 33