27. ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့နည်းဟုမေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။
28. နောင်၌ သင်၏အမည်ကိုယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည်ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။
29. ယာကုပ်ကလည်း၊ နာမတော်ကားအဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကို အဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ကောင်းကြီးပေးတော်မူ၏။