ကမ္ဘာ​ဦး 32:11-16 Judson Bible (BJB)

11. သို့ဖြစ်၍၊ အကျွန်ုပ်ကိုအစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကို၎င်း၊ သားမယားတို့ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။

12. ကိုယ်တော်က၊ ငါသည်သင်၌ အမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီဟု တောင်းလျောက်လေ၏။

13. ထိုအရပ်၌ တညဉ့်ပတ်လုံးနေပြီးမှ၊ မိမိလက်ရှိဥစ္စာစုထဲက အစ်ကိုဧသောအား လက်ဆောင်ဆက်စရာဘို့၊

14. ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊

15. နို့စို့သားငယ်နှင့်တကွ၊ နို့ညှစ်ကုလားအုပ်မသုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတဆယ်၊ မြည်းမနှစ်ဆယ်နှင့် မြည်းကလေးတဆယ်တို့ကိုယူ၍၊

16. အသီးအသီးတစုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့အပ်ပြီးလျှင်၊ သင်တို့သည် ငါ့ရှေ့မှာကူးသွား၍၊ တစုနှင့်တစုကို ခရီးကွာစေလော့ဟု၊ ကျွန်တို့အား မှာထားလေ၏။

ကမ္ဘာ​ဦး 32