ကမ္ဘာ​ဦး 31:43-48 Judson Bible (BJB)

43. လာဗန်ကလည်း၊ ဤသမီးတို့သည် ငါ့သမီးဖြစ်ကြ၏။ ဤသူငယ်တို့သည်၊ ငါ့သားဖြစ်ကြ၏။ ဤတိရစ္ဆာန်တို့လည်း၊ ငါ့တိရစ္ဆာန်ဖြစ်ကြ၏။ မြင်သမျှသော ဥစ္စာသည်ငါ့ဥစ္စာဖြစ်၏။ ငါ့သမီးတို့၌၎င်း၊ သူတို့ဘွားမြင်သော ငါ့သူငယ်တို့၌၎င်း၊ အဘယ်သို့ငါပြုနိုင်သနည်း။

44. သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌သက်သေဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အားပြန်ပြော၏။

45. ယာကုပ်သည်လည်း ကျောက်ကိုယူ၍၊ မှတ်တိုင်ဘို့စိုက်ထူပြီးလျှင်၊

46. ကျောက်များကိုစုထားကြပါဟု ညီအစ်ကိုတို့အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ၍၊ ကျောက်ပုံကိုတည်လုပ်ပြီးမှ၊ ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကို ပြုကြ၏။

47. ထိုကျောက်ပုံကို လာဗန်သည် ယေဂါသဟာဒုသဟူ၍၎င်း၊ ယာကုပ်သည် ဂိလဒ်ဟူ၍၎င်း၊ သမုတ်လေ၏။

48. လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍သမုတ်ကြ၏။

ကမ္ဘာ​ဦး 31