41. အားကြီးသောအကောင်တို့သည် ရှက်တင်သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ်သည် တံဖျာများကို ရေကျင်း၌၊ သူတို့မျက်မှောက်တွင် ထားတတ်၏။
42. အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကိုမပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသောအကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာဖြစ်လေ၏။
43. ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများရှိကြ၏။