37. ထိုအခါယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကိုလှီးခွာ ပြီးလျှင်၊
38. ရေသောက်လာသောသိုး၊ ဆိတ်အထီးအမရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသောတံဖျာတို့ကို ရေသောက်ကျင်း၊ သောက်ခွက်တို့၌ သိုးဆိတ်တို့ရှေ့မှာ စိုက်ထားလေ၏။
39. သိုးဆိတ်တို့သည် တံဖျာများရှေ့မှာရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။
40. ယာကုပ်သည်သိုး၊ ဆိတ်သငယ်တို့ကိုလည်းခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသော အကောင်၊ အဆင်းညိုသောအကောင်ရှိသမျှ တို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှောစေဘဲ၊ တစုစီခွဲထားလေ၏။
41. အားကြီးသောအကောင်တို့သည် ရှက်တင်သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ်သည် တံဖျာများကို ရေကျင်း၌၊ သူတို့မျက်မှောက်တွင် ထားတတ်၏။