16. ညဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသောအခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါသွား၍၊ သင်သည် အကျွန်ုပ်ထံသို့ဝင်ရမည်။ အကျွန်ုပ်၏သားရခဲ့ သောအနုဆေးသီးနှင့် သင့်ကိုအကျွန်ုပ်ငှါးသည်မှန်ပါ၏ဟု ဆိုသဖြင့်၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ၏။
17. လေအာစကားကို ဘုရားသခင်နားထောင်တော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား ပဥ္စမသားကိုဘွားမြင်လေသော်၊
18. ငါ့ကျွန်မကို ငါ့လင်အားပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့်မှည့်လေ၏။
19. တဖန်လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊
20. ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန်အမည်ဖြင့် မှည့်လေ၏။
21. ထိုနောက်မှ သမီးကိုဘွား၍၊ ဒိနအမည်ဖြင့်မှည့်လေ၏။
22. ထိုအခါ ဘုရားသခင်သည် ရာခေလကိုအောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍၊ သားဘွားသောအခွင့်ကိုပေးတော်မူသဖြင့်၊
23. သူသည်ပဋိသန္ဓေယူ၍ သားကိုဘွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည်ပယ်တော်မူပြီဟူ၍၎င်း၊
24. ထာဝရဘုရားသည် အခြားသောသားကိုထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကိုယောသပ်အမည်ဖြင့် မှည့်လေ၏။
25. ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသောနောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့သွားမည်အကြောင်း အကျွန်ုပ်ကိုလွှတ်ပါလော့။
26. ကျွန်ုပ်သည်အစေခံ၍ရသော မယားနှင့်သားတို့ကိုဆောင်ယူ၍၊ သွားရသောအခွင့်ကိုပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊