ကမ္ဘာ​ဦး 3:1-4 Judson Bible (BJB)

1. မြွေသည် ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။

2. မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်ရှိသောအပင်တို့၏ အသီးကိုစားရသော အခွင့်ရှိ၏။

3. ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ်သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။

4. မြွေကလည်း သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်၊

ကမ္ဘာ​ဦး 3