ကမ္ဘာ​ဦး 29:16-21 Judson Bible (BJB)

16. ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီးကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည်ရှိ၏။

17. လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။

18. ယာကုပ်သည် ရာခေလကိုချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ၊ ခုနစ်နှစ်အစေခံပါမည်ဟုဆိုလျှင်၊

19. လာဗန်က၊ အခြားသောသူအား ပေးစားသည်ထက်၊ သင့်အား ပေးစားသော် သာ၍ကောင်း၏။ ငါနှင့်အတူနေလော့ဟုဆို၏။

20. ယာကုပ်သည်လည်း၊ ရာခေလကိုရခြင်းငှါ ခုနစ်နှစ်အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ထင်မှတ်သတည်း။

21. ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာပေးစားပါဟု လာဗန်အားဆိုလျှင်၊

ကမ္ဘာ​ဦး 29