ကမ္ဘာ​ဦး 28:1-4 Judson Bible (BJB)

1. ထိုအခါ ဣဇာက်သည် ယာကုပ်ကိုခေါ်၍၊ သင်သည် ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်ဘက်မပြုရ။

2. အမိ၏အဘ ဗေသွေလအမျိုးသားနေရာ ပါဒနာရံအရပ်သို့ ထ၍ သွားလော့။ သင့်ဦးရီးလာဗန်၏သမီးတစုံတယောက်နှင့် အိမ်ထောင်ဘက်ပြုလော့။

3. အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကောင်းကြီးပေး၍ တိုးပွားစေသဖြင့်၊ သင်သည် အမျိုးကြီးဖြစ်မည်အကြောင်းနှင့် များပြားစေတော်မူစေသတည်း။

4. အထက်က အာဗြဟံအားပေးတော်မူ၍၊ သင် ယခုဧည့်သည်ဖြစ်လျက်နေသော ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း၊ သင့်အား၎င်း၊ သင်၏အမျိုးအနွယ် အား၎င်း၊ အာဗြဟံ၏ကောင်းကြီးမင်္ဂလာကို ပေးတော်မူစေသတည်းဟု ကောင်းကြီးပေးလျက်မှာထား၍ လွှတ်လိုက်လေ၏။

ကမ္ဘာ​ဦး 28