22. ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘသည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကားဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။
23. ထိုသို့သူ၏လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိသဖြင့်၊ ကောင်းကြီးပေးလေ၏။
24. သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟုမေးပြန်လျင်၊ မှန်ပါသည်ဟု ဆို၏။
25. အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကိုလည်းပေး၍ အဘသောက်လေ၏။
26. ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကိုနမ်းပါလော့ဟုဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘကိုနမ်းလေ၏။
27. အဘဣဇာက်ကလည်း၊ သူ့အဝတ်၏အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရားကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့်တူ၏။
28. ထိုကြောင့် ဘုရားသခင်သည်မိုယ်းကောင်းကင်၏နှင်းကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
29. သူတပါးတို့သည်သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့သည် ကောင်းကြီးကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
30. ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်းကြီးမင်္ဂလာကိုခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်းတွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှရောက်လာ၏။
31. သူသည်လည်း အမဲဟင်းလျာကိုချက်၍ အဘထံသို့ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကိုထ၍စားပါလော့ဟုဆိုလေ၏။
32. အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန်တုန်လှုပ်၍ အဘယ်သူနည်း။